အခါတော်တော့ စည်စည်ကားကားနဲ့ ပြီးသွား ခဲ့ ပါပြီ။ သင်္ကြန်ဘလောက်အတွက် အမျိုးမျိုး ကြိုးစားပြီး ပုံတွေ ရိုက်ခဲ့ ကြလဲ ကျွန်တော်တို့ မျှော်မှန်းသလောက် မဖြစ်ခဲ့ပါဘူး၊ ဒါပေမယ့် အရပ်ရပ်ကနေ သတင်းတွေ ပုံတွေတင်ပေးတဲ့ ညီအကိုမောင်နှမတွေကြောင့်ရော၊ တကူတက လာရောက် ဖတ်ရှုကြတဲ့ ညီ အကို မောင် နှ မတွေရောကြောင့် အောင်အောင်မြင်မြင်ပြီးဆုံးခဲ့ပါတယ်။ မှနှစ်က လိုဘဲ ၀င်ရောက်ကြည့်ရှုသူတွေ များပြားလှတာ အလွန်ဘဲ ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ ရန် ကုန်က ဘလောက်ဂါများမှာလဲ အခက်အခဲတွေ - ဥပမာ - မဏ္ဍပ် လက်မှတ်ဆို တစောင်ကို လေးသောင်းပေးဝယ်ကြရပါတယ် ၊ ကားငှားစီးတာနဲ့ မုန့်စား ရမကာလေး သောက်နဲ့ တယောက်တယောက် တနေ့ ကို ၂သောင်းနဲ့ ၂သောင်းခွဲကြားလောက် ကုန်ကြပါတယ်။ ဓါတ်ပုံတွေကိုလဲ ရသလောက်ရိုက်ကြပေမယ့် ကင်မရာ ရေ၀င်တာ တလုံး- ဖုံးဟန်းဆက်တလုံး - လုံးလုံးမှ သုံးမရအောင် ပျက်စီးသွားခဲ့ပါတယ်။ နောက်ဆုံးနေ့မှာလဲ နေရာစုံကပုံတွေရအောင် ရန်ကုန်ရဲ့ အလွန်ပူ နေတဲ့ ရာသီဥတုကို အန်တုကြပြီး ကားငှားလည်ကြပါတယ်။ ပုံတွေလဲ ရခဲ့ပါတယ်။ ဖြစ်ချင်တော့ ကတ်ရီဒါတွေလဲ တခုမှ သုံးမရဖြစ်နေတာနဲ့ ပုံတွေ တက်မလာနိုင်သေးပါဘူး၊ ပစ္စည်း တွေလဲ အင်မတန်အားနည်းကြပါတယ်။ ကျွန်တော်တို့တွေနောက်ဆုံးနေ့ ကားလည်တော့ ကားခရှင်းဖို့တောင် ငွေလိုနေလို့ ချေးငှားပြီး ရှင်းတဲ့ အထိ အမှတ်တရတွေ ဖြစ်ခဲ့ကြပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် အခက်အခဲတွေ ကိုပြုံးရွှင်စွာနဲ့ ဖြတ်သန်းပြီး ညီညီ ညွတ်ညွတ် နဲ့ ၀ိုင်းဖွဲ့ ခဲ့ တဲ့ ရန်ကုန်က ကျွန်တော်တို့ ဘလောက်ဂါ အဖွဲ့ တွေကို လေးစားပါတယ်။ နောင်နှစ်တွေမှာလဲ ဒီလိုဘဲ အောင်မြင်စွာ ပျော်ရွှင်စွာ သင်္ကြန်အတွေ့အကြုံတွေ မျှဝေ နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
ဘလာဂေါက်
Thursday, April 17, 2008
နှစ်သစ်မှာ ပျော်ရွှင်ပါစေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment