




ဧပြီလ ၁၁ရက်နေ့က ပြုလုပ်ကျင်းပခဲ့သော ဒိန်းမတ်ရောက် မြန်မာမိသားစုများ၏ သင်္ကြန်ပွဲအမှတ်တရ ဓာတ်ပုံများဖြစ်ပါတယ်။ ဓာတ်ပုံများကို လန်ဒန် သာသာနရံသီကျောင်းဆရာတော် ဦးဥတ္တရထံမှ ရယူပါသည်။




ဧပြီလ ၁၁ရက်နေ့က ပြုလုပ်ကျင်းပခဲ့သော ဒိန်းမတ်ရောက် မြန်မာမိသားစုများ၏ သင်္ကြန်ပွဲအမှတ်တရ ဓာတ်ပုံများဖြစ်ပါတယ်။ ဓာတ်ပုံများကို လန်ဒန် သာသာနရံသီကျောင်းဆရာတော် ဦးဥတ္တရထံမှ ရယူပါသည်။
မဟာဇေယျသုခ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး
လန်ဒန်ရောက် သံဃာတော် ၂၅ ပါးမှ ဘုရားအနေကဇာတင်
ဂါထာတော်များ ရွတ်ဖတ်ပူဇော်
ဒီလို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်
ချက်မယ် ပြုတ်မယ်ဆိုတာချည်းပဲ
ဆားဖြူးနေကြတာ ... အဲ ... ချက်ပြုတ်နေကြတာ
ဒယ်အိုးနှင့် အားရပါးရ ချက်ကြသည်
ဒီတစ်ယောက်လည်း ဘာတွေလုပ်နေမှန်းမသိဘူး :P
အချိုပွဲအတွက် ပြင်ဆင်
လုပ်အားပေး ကုသိုလ်ယူကြသူတွေ
ဖရဲသီးတွေနဲ့ အလုပ်ရှုပ်နေသူ
ရှမ်းခေါက်ဆွဲလုပ်ပြီး ကုသိုလ်ယူကြသူ သူငယ်ချင်းတစ်စု
ဆွမ်းဆက်ကပ်ပြီးသည့်နောက်ပိုင်းမှာတော့ ဧည့်ပရိသတ်များကို ကျောင်းမှာပဲ တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။ ဖွဲ့တည်ရာ မဂ္ဂဇင်းမှ ဓာတ်ပုံသတင်းထောက်တစ်ယောက်နှင့်လည်း ဆုံဖြစ်ခဲ့ပါတယ်။
တွေ့ကြ ဆုံကြ စားကြ
ဆွမ်းဆန်စိမ်းလောင်းလှူခါနီး ကိုထွန်းထွန်းကောင်းမှု့ကြောင့် ဘုန်းကြီးကျောင်းသို့ တစ်ခေါက်ပြန်ပြေးခဲ့ရသည့်အတွက် ဓာတ်ပုံများကို မရလိုက်ပါဘူး။ မိတ်ဆွေတွေဆီမှ တစ်ဆင့်ပြန်ရခဲ့လျင် Update ပြန်လုပ်ပေးသွားပါမယ်။
အခုတော့ ရှင်းနေတုန်းပဲ .. (နောက်ပိုင်း ဆက်လက်ရှူ့စားပါ)
The Nox တေးဂီတ ၀ိုင်းတော်သားများ
ဝါသနာရှင် အဆိုတော်တစ်ယောက်
တီးပါ ဗုံ ... ဗုံ ... ဗုံ ... ရေစိုစို တန်ခူးလမှာ :P
အချိန်တွေကုန်လာသည်နှင့် အမျှ လူတွေလည်း တဖြည်းဖြည်း များများလို့ လာပါတယ်။ ညပိုင်း ၈ နာရီဝန်းကျင်အရောက်မှတော့ Hall ခန်းတစ်ခုလုံး လျှံပြီး Hall အပြင်ရောက်သည်အထိ လူတွေ တိုးကြပ်နေတာကို တွေ့ရပါတယ်။ ဘုန်းကြီးကျောင်း ရန်ပုံငွေအတွက် ရောင်းချတဲ့ မြန်မာအစားအသောက်တွေလည်း တစ်ခဏအတွင်းမှာပဲ ပြောင်သလင်းခါခဲ့ပါတယ်။ Facebook မှ မိတ်ဆွေတစ်ချို့နှင့်လည်း ဆုံဖြစ်ခဲ့ပါတယ်။
Hall လျှံတယ်ဆိုတာ ယုံပြီလား :)
Hall အပြင်ဘက်မှာလည်း စည်စည်ကားကား
တစ်ချို့အပိုင်းတွေမှာ ကျွန်တော်လွတ်သွားခဲ့တဲ့ ပုံတွေအများကြီးပါ။ ဘာလို့လည်းဆိုတော့ တီးပါ ဗုံ ... ဗုံ ... ဗုံ ... လုပ်နေတဲ့အတွက် ဖြစ်ပါတယ် :P သူငယ်ချင်းတွေဆီက ပွဲနှင့်ပက်သက်ပြီး Photo တွေ ထက်ရခဲ့လျှင်တော့ ထပ်ပြီး sharing လုပ်ပေးသွားပါမယ်။ ပွဲနှင့်ပက်သက်ပြီး မျှဝေချင်တဲ့ ပုံတွေရှိခဲ့ရင် chanmyasoe at gmail dot com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ :)




ထိုင်ဝမ် (တိုင်ပေ) တိုင်းမှူးကဖွင့်ပွဲလုပ်ပေးပါတယ်။